လေဆိပ် <--------> လေဆိပ်

သူမဓါတ်ပုံဟောင်းလေးထောင်ထားရာ စားပွဲဆီမှ / သို့

။ ။ လေဆိပ် <- - - - - - - - - -

အစစ အရာရာ အဆင်ပြေပါစေကြောင်း

- - - - - - - - - -> လေဆိပ် ။ ။

 သူမကိုယ်သင်းနံ့လေးရှိရာ အိပ်ခန်းလေးဆီသို့ / မှ 



မောင်မိုးချို

မြင်သမျှက အဖြူရောင်

မြင်သမျှက အဖြူရောင်

----------------------------

စိတ်ကလွတ်ထွက်သွားတာလား ။ အခန်းလွတ်ထဲလား ။

တစ်ယောက်ယောက်ရဲ့ပိုင်ဆိုင်မှုထဲလား။

သွားကြလာကြ ငေးကြမောကြ ။ သူဟာဘယ်တစ်ယောက်လဲ ။

သူဟာဘာအရောင်နဲ့ သူလဲ ။မိုးရာသီလား ။ ဆောင်းရာသီလား ။

ဒါမှမဟုတ် စီးကျလာတာ ။ မျက်ရည်လား ။ မိုးရေလား ။

ဟင့်အင်း ။ ဟင့်အင်း ။

တစ်ကိုယ်ကောင်းဆန်လိုတဲ့စိတ်က ဖျတ်ခနဲ ။ ပူခနဲ ။

နားထင်ပေါ်ကျလာတဲ့သွေးလို။ ထောက်ထားတဲ့လက်ညှိုးမှာ ငါမပိုင်တဲ့အငွေ့ ။

ကွေးလိုက် ။ ဆန့်လိုက် ။ ဖြန့်လိုက် ။ ပြတင်းပေါက်တံခါးကို ဖြန့်လိုက် ။ ဖြန်းကနဲ ။

ငါ့စိတ်ကို ပက်လိုက်တာ အရက်ပျံနံ့လား ။ လရောင်လား ။

မာကျူရီမီးရောင်လား ။ နေရောင်လား ။

ဒါမှမဟုတ်။တစ်ယောက်ယောက်နဲ့ တစ်ယောက်ယောက်ရဲ့စကားလုံးတွေလား ။

ငါထင်နေတာ အမှန်တရား လား။ မုသားလား။ငါ့ဘေးက လူက လူနာကုတင်ပေါ်မှာလဲလို့ ။

ငါ့ကိုပြောနဲ့စကားက ဆေးလိပ်တစ်လိပ်ထက် မပိုခဲ့ဘူးလို့ ။

ငါကိုကြည့်နေတဲ့ မျက်လုံးတွေကအဖြူရောင်လို့ ငါ သူ့နဲ့ သူ့ဘေးက လူတွေကိုပြောလို့ ။

တစ်နေရာရာကို အငွေ့လို ။ မိုးရေစက်တွေလို ။

ဖွေးခနဲပြုတ်ကျသွားချင်တဲ့စိတ်က ငါ့ကို ဖြတ်ရိုက်ချသွား ။

သူက သစ်ပင်တစ်ပင်လို။ သူနဲ့သူ့ဘေးက လူတွေက ကော်ဖီရောင်တွေလို ။

ဖြတ်သွားသမျှကအနှေးပြကွက်လို ။

ရုပ်ရှင်ထဲက 3D ပုံရိပ်တွေလို ။ ငါ့ကို ငါ နံရံတစ်ချပ်လို ။

ငေးလို့ . . . ငါ့ကိုငါ ဘာအရောင်လဲ ပြန်မတွေးဖြစ်တဲ့အခါ ။

အရာရာက ပုံမှန်မဟုတ်တဲ့ သက်ပြင်းမျိုးနဲ့ ။ငေးတယ်တွေးတယ်။

ရင်ဘတ်မှာ အထပ်လိုက်ကျလာတဲ့ နောင်တလိုစကားမျိုး။

အနောက်အရပ်အရောက်မှာ မြင်ရတဲ့နေက အခါးရောင်။

သူ့ဘ၀လို ဘယ်ပန်းကမှမလှဘူးဆိုတဲ့ မျက်လုံးမျိုး။

လက်သည်းခွံတွေက အစ အေးလာတယ်။

ခုတင်ဘေး စားပွဲပေါ်က အိပ်မက်ကို တစ်လှမ်းချင်း ငေးနေဖို့ကလွဲရင်။

ဖင်စီခံနားထိ ရောက်သွားတဲ့ မနက်ဖြန်တစ်ခုလို။ ၅ ၀ပ်မီးလုံးနဲ့ အိပ်ဖို့ထက် မျက်လုံးတွေ

ဖွင့်ထားဖို့လိုကြောင်း ပြောဖြစ် ။ အဲဒီနောက် အပျော်အပါးဆိုတဲ့စိတ်ကို သူ့နားသွန်ချလိုက်။

လူက အဖြူဆို အပူတွေ တစ်ထပ်ပြီးတစ်ထပ်။

စိတ်သွားတိုင်း စိတ်ပါသွားဖို့ ပိုအရေးကြီးလာတယ်။

ထပ်ရောက်တဲ့ အခေါက်မှာ ငါ့ကိုယ် ငါ လွင့်ကနဲ ။ မြင်လိုက် ။ ပြလိုက် ။

ခန္ဓာက ပြတိုက်တစ်ခုလို သူတို့ ပြောစရာ သိပ်များလာတယ် ။

စိတ်ထဲ ထိုသွင်းလိုက်တဲ့ ဓားက လူနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတဲ့ အပြုံးမျိုး ။

ဆယ်စုနှစ်တစ်ခုမက ။ အထူးသဖြင့် မျက်လုံးတွေေ၀၀ါးလာတာကလွဲရင် အရာရာ။

စိတ်က ဟိုဟိုဒီဒီ ကစဥ့်ကလျား . . ဟိုတစ်စ ဒီတစ်စ ကောက်သိမ်းလို့မရလောက်တဲ့အထိ

အတွေးကခပ်ဝေးဝေးကိုသွားပြီ။

ဘယ်လို အိပ်မက်မျိုးထဲကနေ ထွက်ကျလာပါတယ်ဆိုတဲ့ ကောက်ချက်က

ကုတင်ခြေရင်းမှာ အလျားလိုက်ကပ်ထားတယ် ။

လှမ်းမြင်နေရတာက ရောင်စုံလို့ထင်ခဲ့တာပဲ ။

အရာရာက ဘာမှမသဲမကွဲပဲနဲ့ ။ ဒီနေ့လား မနက်ဖြန်မှာလား ။

မျက်ခွံကို တစ်ချက်ခတ်ကြည့်။ ရောက်အောင်လာခဲ့ဖို့တော့ ဘယ်သူမှမဖိတ်ခဲ့ဘူး ။

သူကလည်း ရီဝေေ၀နဲ့ပဲလေ။ ကျုပ်ကိုယ်တိုင်က အငွေ့လိုလို ။

ပိတ်ထားတဲ့ တံခါးကနေ ကျုပ်ကိုယ်တိုင် ခင်းမထားမိတဲ့ လမ်းပေါ် တအိအိနဲ့။

သွားလိုက်လာလိုက်။

တစ်ခုခုပြောချင်နေမိတဲ့ စိတ်ကို တစ်ခုမကပြောဖို့ တိုက်တွန်းနေမိတာကလွဲရင်။

ထင်ထားသမျကအလွဲပဲ။

မျက်နှာကျက်ပေါ် ထိကပ်ထားလိုက်တဲ့ ညာဘက်လက်မှာ သွေးခုန်နှုန်း ။

သိသိသာသာကျဆင်းလာ။

မွေးရာပါ အနာမဟုတ်သည့်တိုင်အောင် ဘာဆေးမျိုးမှ မတိုးချင်တော့ဘူး။

စိတ်ကူးက နံရံကို အရေခွံတစ်ခုလို ခုတ်ထစ်ခွာချပြီး ရောက်ရာပေါက်ရာထွက်သွားလိုက်ဖို့။

ကော်ဖီခါးခါးတစ်ခွက်ကို ဇိမ်ခံသောက်ကြည့်ဖို့။

နောက်ထပ် တစ်နာရီစာလောက်ကို ပြက္ခဒိန် အစွန်းပေါ်ဆွဲတင်ကြည့်လိုက်ဖို့။

အတွေးက တစ်စပြီးတဲ့နောက် နောက်တစ်စ ကုတ်ခြစ်ဆွဲထုတ် . . .


မောင်မိုးချို

အကယ်ဒမီစာရင်း မ၀င်တဲ့ဇာတ်ကား

ရင်ဘတ်တွေ ရင်ပုံတွေ ဘယ်ဈေးဘယ်လောက် ရင်သားတွေ ယဉ်ကျေးမှုတွေ ယဉ်ယဉ်လေးနဲ့ ရူးသွားလောက်တယ်ဆိုတော့ နောက်ထပ် အဆင်းတစ်ခုကို ဘီးတွေ တပ်ပေးလိုက်ကြ ခေါင်းလောင်းထိုးတယ် အမျဝေတယ် ရေစက်ချတယ် ရေစက်တွေကျလာတာကို လက်နဲ့ သပ်တင်လိုက် ခေါင်းမော့လိုက် မျက်ရည်တွေ ခါ ထုတ် လိုက် တမ်းပြေးတမ်းကစား နေသလို ဘ၀ က နေသားတကျ မောမောလာ လက်ကျန် ကို မော့ချလိုက် လည်ထွက်သွား အောင် ထိုးချလိုက် နံရံနဲ့ဆာင့်လိုက် နံရံတစ်ချပ်ကို စောင့်ကြည့်နေလိုက် အခန်းလွတ်ထဲ ပိတ်ချသွားတဲ့ သော့ခလောက်လို နာနာကျင်ကျင် ခပ်ပါးပါးလေး ဖြုတ်ချခံလိုက်ရတာဆိုတော့ အသံ က အသံကို မကြားနိုင်တော့ ဘူး တစ်လုံးဆောင် ကျုပ်တို့ ဘယ်တော့ ဆင်းရဲတွင်းကတက်မ လဲ ကျသွားတဲ့ စိတ်ကို ထထနှိုးရလောက်အောင် ပတ်ဝန်းကျင်က ဆူညံလွန်းတယ် ဆန္ဒနဲ့ သိက္ခာတွေ ထိုးကျလာ သူလား ငါလား လားလားမှ မဆိုင်တဲ့ လူတွေနဲ့ ဂျပ်ပင်ထိုးမရ ဟိုမရောက် ဒီမရောက် ခရီးကို ငါတို့ နှစ်ယောက်လျောက်မယ်ဆိုတဲ့ ကတိကို ဘယ်သူက စဖျက်ခဲ့ သလဲ ဆိုတဲ့ ပုံပြင်တွေ ပုံပျက်ပန်းပျက် ထိုးထွက်လာတော့ ငါတို့ သမိုင်းဆိုတာ ပိတ်ထားတဲ့ ဗလာစာအုပ်ထဲ လက်ရေးစုတ်စုတ် တွေနဲ့ပါ သွားတာ လာတာ ဂရုစိုက်ပါ အမေစိတ်မချတဲ့ သားကို အမေစိတ်ချဖို့ အမေနေကောင်းပါစေလို့ အမြဲဆုတောင်ဖို့ ဘာလုပ်ဖို့ ညာလုပ်ဖို့ ဆိုတဲ့ ဆင်ခြေဆင်လက်တွေ လက်လက်ထနေတဲ့ အတန်းအစားတွေ တယောက်တလှည့် မောင်းဖြုတ်ချဖို့ ၀န်မလေးတဲ့ အလွှာမှာ တယောက်တစ်ချက် မောင်းထုတ်ကြ မောင်းထွက်သွားတဲ့ စိတ်ကို လိုက်ဖမ်းရတာနဲ့ လူက လူမပီသတော့ ပီပီသသ ရေးရွတ်လိုက်တဲ့ အမိန့် နဲ့ ထောက်ခနဲ့ ပြတ်သွားတဲ့ကြိုးက ပန်းတွေ တစ်စချင်းလွင့်ထွက်သွား ရောက်ရာ အရပ်က ပြန်လာခဲ့ပါတယ် ဖိနပ်ကြိုးချည်ဖို့ မမေ့ခဲ့ ရေခပ်ဖို့ မမေ့ခဲ့ဘူး ရေမပါခဲ့တာကလွဲရင် အရာရာ အဆင်ပြေပါစေအမေ သားလည်းနေကောင်းပါတယ် ဘယ်ဘ၀ကို အပြစ်တင်မယ် လို့တွေထားတယ် ဘာလုပ်ဖြစ်မယ်လို့တွေးထားတယ် ခုတ်ရာတခြား ထိရာတခြား နထင်ကိုဖေါက်ထွက်သွားတဲ့ ကျည်ဆံက မနက်ဖြန်ထဲကို ပိဿာလေးနဲ့ တည့်တည့်ပစ်ထည့်လိုက်တာပေါ့ သူတို့ ငါတို့ ဖိနပ်ကြိုးတွေချည်လိုက် လမ်းတွေ လျောက်လိုက် . . . သင်္ကြန်အမြောက်လို ချိန်ရတာလွယ်သလောက် ပစ်ရတာသိပ်ခက်တဲ့ လူတန်းစား ဆိုတာ ဆိုင်းဆရာရေ . . . လိမ်ဖယ်လိမ်ဖယ်လေး နဲ့ ပြ . . .

မောင်မိုးချို

5:214PM ( ရန်ကုန်တိုင်းဒေသကြီးစံတော်ချိန်)

၂၀၁၁ခုနှစ်၁၀ရက်၈လပိုင်း

လိုင်း ဆွဲ အား က မ ထိ တ ထိ

ပြော ရ ဆို ရ အာ မ ထိ လျှာ မ ထိ ဟို ထိ ဒီ ထိ ဒီ နား ရောက် တဲ့ အ ထိ ( Space ကို ရွေ့ ) တစ် ယောက် တစ် ပေါက် / နှစ် ပေါက် / နှစ် ပေါက် အောင် ထား လိုက် တော့ ဖုန် ခါ လိုက် တိုင်း ပေါက် လွတ် ပဲ စား တွေ ပဲ ထွက် ကျ လာ / လာ ကြ လေ ဒါ ကုန် ရင် ပြည် တော် ပြန် မယ့် ရ ထား လည်း ဆိုက် / ဆိုက် ကား ဂိတ် ကား ဂိတ် နား ပိတ် ပြီး ခေါင်း ငြိမ့် ရ တာ လောက် သ ဘော ကျ စ ရာ ကောင်း တာ ဘယ် ရှိ မ လဲ / ဘာ ရှိ သေး လဲ / လဲ လို့ ရ တာ အ ကုန် လဲ အ စိမ်း လဲ မ လား အက်ဖ် အီ စီ လဲ သွား မ လား လူ ငယ် ဆို တော့ လဲ သွား လည်း င နီ နဲ့ ကျွေး ထည့် လိုက် တာ ပဲ ဘယ် သူ့ ဂ ရု စိုက် ရ မ လဲ *ကိုယ့် ယဉ် ကျေး မှု နဲ့ ကိုယ် ရိုင်း ပါ တယ်* သူ ရိုင်း ပါ တယ် ရိုင်း ပင်း ပါ တယ် ကူ ညီ ပါ ဆား မ ပါ တဲ့ ဟင်း တစ် ခွက် ဒေါက် ခ နဲ့ ပစ် ချ လိုက် ထ မင်း စား ပွဲ ကို ကန် ထုတ် လိုက် လူ ဆင်း ရဲ လပ်ဖ် ဆင်း က ဒီ လို စ တာ / စ တာ နောက် တာ နောက် ခံ လူ မ ပါ ပဲ တော့ ကျူပ် တို့ ဘယ် ပွဲ ထွက် လို့ ဖြစ် မ လဲ ကွင်း လယ် ကို ဖြတ် တင် တယ် ကွင်း ပြင် က ရိုက် ချ တယ် ကွင်း ပစ် တယ် ဂျက် ပစ် တယ် ကင်း ပယ် တယ် ကျ တယ် တက် တယ် မီး လာ တုန်း လေး ရေ တင် ရ တာ ပါ ဗျာ ပေါ့ ( ကိုယ် တို့ ခေတ် က အေး အေးဆေး ဆေး ) ရှည် ဝေး ဝေး မ တွေး နဲ့ နီး ရာ ဓား ကြောက် ရ တာ ဆို တော့ ခေါင်း သာ ငြိမ့် ပြ လိုက် ပန်း တွေ လဲ ပွင့် လို့ တစ် ပွင့် နှစ် ပွင့် တစ် ခက် နှစ် ခက် ခက် ခက် ခဲ ခဲ ထုတ် ဆွဲ ထုတ် ပြီး န ထင် ပေါ် ထောက် ချ လိုက် တော့ ချောက် ခ နဲ့ ကျည် တွေ အ ထွေး လိုက် ကြွေ ကျ လာ ... ကဒ် !!

မောင်မိုးချို

4:25PM ( ရန်ကုန်တိုင်းဒေသကြီးစံတော်ချိန်)

၂၀၁၁ခုနှစ်၁၄ရက်၇လပိုင်း

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်